အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ တစ်ခုနှင့် တစ်ခု
ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး အနီးရှိ ထောင်တစ်ခု၏
ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော ထောင်ကျအကျဉ်းသား
ရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ ထောင်ဝါဒါတစ်ဦးနှင့် အတူ
အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက
နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ဖဏအကြာတွင် မီခံသေတ္တာကို
အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။
မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။
အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော့ ငါးသိန်းရတာပဲ။
Saturday, May 30, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment