Saturday, May 30, 2009

ဪ … မိန်းမ

၁။ ဖော်ဖော်ရွေရွေများဆက်ဆံမိရင် ပြောပါလိမ့်မယ် … သူ့ကိုပိုးပန်းနေတယ် … လို့၊

အဲလိုမှ မလုပ်ပြန်ရင်လဲ … ဘဝင်မြင့်တဲ့ကောင် … တဲ့။

၂။ သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ်… သူ့ကိုမြူဆွယ်နေတယ် … လို့၊

အဲလိုမှမဝတ်ပြန်ရင်လဲ … တောသား … တဲ့။

၃။ သူ့ကိုငြင်းခုန်မိရင် ပြောပါလိမ့်မယ်…ခေါင်းမာတဲ့ကောင် … လို့၊

ငြိမ်နေပြန်တော့လဲ … အဖြစ်မရှိတဲ့ကောင် … တဲ့။

၎။ သူထက်များပိုတော်နေရင် ပြောပါလိမ့်မယ် … အလကားပါ … လို့၊

သူကများပိုတော်နေရင် … အရည်အချင်းကြောင့် … တဲ့။

၅။ သူ့ကိုများမကြိုက်ဘူးဆိုရင် … သင့်ကိုသူပိုင်ဆိုင်ဖို့ကြိုးစားပါလိမ့်မယ်၊

သူကိုကြိုက်မိရင်တော့လဲ … သင့်ကိုထားခဲ့ပါလိမ့်မယ်။

၆။ ချစ်နေတဲ့အမူအရာပြမိရင် ပြောပါလိမ့်မယ် … အပေါစားကောင် … လို့၊

အလိုအမူအရာ မပြပြန်တော့လဲ … လူ့ဗာလ … တဲ့။

၇။ အခက်အခဲရှိလို့တိုင်ပင်မိရင် ပြောပါလိမ့်မယ် … ဂြိုလ်ကောင် … လို့၊

မတိုင်ပင်ဘဲနေပြန်တော့လဲ … သူ့ကိုမယုံကြည်လို့ … တဲ့။

၈။ သူ့ကိုများအော်ငေါက်မိရင် ပြောပါလိမ့်မယ် … သူရမ်းကား … လို့၊

သူကများအော်ငေါက်ရရင်တော့ … ဆုံးမတာ … တဲ့။

၉။ ပေးထားတဲ့ဂတိဖျက်မိရင် ပြောပါလိမ့်မယ် … လူလိမ် … လို့၊

သူ့ဘက်ကဖျက်ရင်တော့ … မလွှဲမရှောင်သာလို့ပါ … တဲ့။

၁၀။သူ့ရှေ့မှာဆေးလိပ်သောက်မိရင် ပြောပါလိမ့်မယ် … လူမိုက် … လို့၊

သူပိုကာဆွဲတာကျတော့ … အပြင်းပြေပါ … တဲ့။

၁၁။သင်စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် … ကံကောင်းလို့ပါ … လို့၊

သူအောင်ရင်တော့ အရည်အသွေးကြောင့် … တဲ့။

၁၂။သူ့ကိုများမတော်တဆနာကျင်စေမိရင် ပြောပါလိမ့်မယ် … အကြင်နာတရားမဲ့တဲ့လူ … လို့၊

သူ့ကြောင့်များသင်ထိခိုက်မိရင် တော့ … အထိမခံရွှေပုဂံ … တဲ့။



မိန်းမတွေအကြိုက် ဆယ်ခါလိုက်လဲ

မလိုက်တစ်ခါ ရှိခဲ့ပါမူ

ကြီးစွရန်သူ စွဲမှတ်ယူ၏ … တဲ့

No comments:

Post a Comment